ပထမဆုံး မြန်မာအေအိုင်သီချင်းခွေ



အခွေပေါ့ဗျာ။
သိရသလောက်ဆိုရရင်တော့ ဒါဟာ ပထမဆုံး မြန်မာအေအိုင်သီချင်းခွေ ဖြစ်ပါလိမ့်မယ်။
ကြားဖူးနေကျသီချင်းတွေနဲ့တော့ ကွဲပြားပါလိမ့်မယ်။
Spotify, Apple Music စတဲ့ နေရာပေါင်းစုံမှာ နားထောင်လို့ရပါပြီ။
သီချင်းကိုးပုဒ်ပါပါတယ်။
ဒီလိုလုပ်လို့ ကြီးကြီးကျယ်ကျယ်လို့တော့ မထင်စေချင်ပါဘူး။
ကိုယ့်ဘာသာကို အပျော်လုပ်နေရာကနေ နှာခေါင်းသွေးထွက်လာတာပါ။
ကျနော့်သီချင်းတစ်ပုဒ်ကို တခြားသူတွေ ပြန်ပြီးအသုံးပြုကြတာ တစ်သိန်းကျော်သွားပါပြီ။
အဲဒီမှာ ပြဿနာပေါ်လာတာပါပဲ။
အဲဒီသီချင်းဖန်တီးသူနေရာကို ဘယ်ကမှန်းမသိတဲ့ တစ်စုံတစ်ယောက်က ဝင်ပြီးနေရာယူနေတာကို ခံလိုက်ရပါတယ်။
ဒါက ဘာအရေးကြီးလဲဆိုတော့ တကယ်လို့ အဲဒီကနေ အကျိုးခံစားခွင့်တွေ၊ ဘာတွေညာတွေရှိလာရင် သူ့ဆီကိုပဲ စီးဆင်းသွားမှာပါ။
ဒီလိုတွေသိရတာကလည်း ဆရာကြီးအေအိုင်ကြောင့်ပါပဲ။
ဒီလိုဘာလို့ဖြစ်လဲဆိုတော့ ကိုယ့်ဘက်က တရားဝင်မှတ်ပုံမတင်ထားတာကြောင့်လို့ ဆိုပါတယ်။
ဒါနဲ့ပဲ ကောက်ကာငင်ခါ အရေးဆိုဖို့ဖြစ်လာပါတယ်။
ဒီလိုအရေးဆိုဖို့ဆို ကိုယ့်မှာလည်း အွန်လိုင်းစနစ်အရ အသိအမှတ်ပြုထားခံရမှုရှိဖို့လိုတယ်ဆိုတာနဲ့ အိတ်ထဲကနေ နည်းနည်းစိုက်ထုတ်ပြီး လုပ်လိုက်ရပါတယ်။
အခွေဆိုတာက သုံးရိုးသုံးစဉ် သုံးလိုက်တာပါ။
တကယ်တော့ လက်ဖြစ်ပါပဲ။
ပညာရှင်တွေလို၊ နာမည်ကျော်တွေလို အဆင့်မြင့် စက်ကိရိယာတွေ၊ နည်းပညာတွေ မသုံးထားတာကြောင့် အရည်အသွေးကတော့ ခပ်ချာချာပါ။
Mixing တွေ၊ Mastering တွေ ဘာမှမသိဘဲ အချိုအချောင်ရတာတွေနဲ့ ကိုယ့်ဘာသာ လျှောက်လုပ်ထားပါတယ်။
နောက်ဆုံး သုံးမယ့် ကာဗာပုံကိုတောင် သူများကို မခိုင်းနိုင်လို့ အလကားရတာတွေနဲ့ ကြံဖန်ထားပါတယ်။

ပြောရရင် ဂီတနဲ့ပတ်သက်လို့ အေဘီစီဒီအခြေခံလောက်ပဲ သိထားတာကလွဲပြီး ဘာတူရိယာမှလည်း ဖြစ်ဖြစ်မြောက်မြောက်မတီးတတ်သလို သံမှန်အောင်လည်း မဆိုတတ်ပါဘူး။
အေအိုင်တွေပေါ်လာလို့သာ ကိုယ့်ဘာသာ တစ်ကိုယ်ရေ အပျင်းဖြေရင်း ပိုလျှံလာတာတွေကို ဆိုရှယ်မီဒီယာတွေမှာ တင်နေမိတာပါ။
ဒါပေမဲ့ နားထောင်ကြည့်လို့ တစ်ခုခုမရဘူးဆိုရင် ကြိုက်တဲ့နေရာ လက်ဖက်ရည်ခေါ်တိုက်လို့ရတယ်ဆိုတာကိုတော့ အာမခံပါတယ်။
အပေါ်မှာပြောခဲ့သလို ကြားဖူးနေကျ သီချင်းတွေနဲ့တော့ ကွာပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် သတ်သတ်မှတ်မှတ်လေးဖြစ်သွားအောင် လုပ်လိုက်တဲ့သဘောပါပဲ။
သိရသလောက်ဆိုရရင်တော့ ဒါဟာ ပထမဆုံး အေအိုင်မြန်မာသီချင်းခွေ ဖြစ်ပါလိမ့်မယ်။


ကြံကြံဖန်ဖန်သီချင်းများ - H2A2

၁။ တစ်နှစ်သုံးလေး
၂။ ကကြီးခခွေး
၃။ ယုန်ကလေးတစ်ကောင်
၄။ ငွေ
၅။ ဆယ့်ခြောက်အလီ
၆။ ဂျာအေး
၇။ သတင်းအစီအစဉ်
၈။ မေမေဘာတွေချက်
၉။ အပျင်းပြေ

0 Comments

Human Heart Ai Art

လူသားစိတ်ကူး၊ အေအိုင်အတတ်ပညာ