ပုံပြင်လေးတွေကို သီချင်းအဖြစ် အသက်သွင်းကြတာတွေ အရင်ကလည်း ရှိပါတယ်။ ဒီလိုလုပ်တဲ့အခါ သီချင်းပုံစံနဲ့ အံဝင်အောင် စာသားတွေ ပြုပြင်ဖြတ်တောက်ရတာမျိုးတွေ ရှိပါတယ်။ ဒါမှလည်း သံစဉ်လှ၊ ဆိုလို့ကြွမယ်မဟုတ်လား။ ဒါပေမဲ့ ဒီပုံပြင်ကိုတော့ ငယ်ငယ်က ကျောင်းမှာသင်ခဲ့ရတဲ့ စာသားတွေအတိုင်း လုပ်လိုက်တယ်။ ဘာလို့ဆိုတော့ စာသားတွေပြင်ဖို့ အချိန်မပေးနိုင်တာရော၊ ကလေးဘဝက ကျက်ခဲ့ရတဲ့စာတွေကို အရင်းအတိုင်း ပြန်ခံစားကြည့်ချင်တာရောကြောင့်။ အေအိုင်ရဲ့ထုံးစံအတိုင်း သံစဉ်ကတော့ ကြောင်တောင်တောင်။
ခေါင်းစဉ် - ယုန်နှင့် လိပ်
ဆို - ကိုစက်
သီချင်းဖန်တီးသူ - အမောင်

0 Comments