လယ်ယာခွင်က ဆိုရိုးတွေ

တစ်ရက်တော့ လိုင်းပေါ်ကမိတ်ဆွေတစ်ယောက်က သီချင်းလုပ်ပေးဖို့ တောင်းဆိုတယ်။ သူလုပ်စေချင်တဲ့ စာသားတွေကိုလည်း ပို့ပေးတယ်။ စာသားတွေက တခြားတော့မဟုတ်ဘူး။​ မြန်မာဆိုရိုးစကားတွေ။ ဆိုရိုးတွေထဲကနေမှ လယ်ယာစိုက်ပျိုးရေးနဲ့သက်ဆိုင်တာတွေကို သီးသန့်စုဆောင်းထားတာ။ ပို့ပေးတဲ့မိတ်ဆွေကိုယ်တိုင် စုထားတာတော့မဟုတ်ဘူး။ သူလည်း လိုင်းပေါ်ကနေ တွေ့တာ။ တောင်သူလယ်သမားတွေနဲ့သက်ဆိုင်တော့ လုပ်ဖို့ရာ စိတ်ဝင်စားမိတယ်။ ပို့လာတဲ့ဆိုရိုးတွေက တော်တော်များလို့ သီချင်းနဲ့ မဆံ့ဘူး။​ သုံးပုံတစ်ပုံလောက်ကိုပဲ လုပ်နိုင်ခဲ့တယ်။​ ကျန်တာတွေကိုတော့ ဘယ်တော့မှ ဆက်လုပ်ဖြစ်မယ်မသိဘူး။ ဒီသံစဉ်လေးကလည်း တစ်မျိုးပါပဲ။ 

ခေါင်းစဉ် - ရာသီနဲ့ သီးနှံ

ဆို - ကိုစက်

သီချင်းဖန်တီးသူ - အမောင်


0 Comments

Human Heart Ai Art

လူသားစိတ်ကူး၊ အေအိုင်အတတ်ပညာ