ပြုတ်ကျခဲ့တဲ့အရာတွေ၊ ပြန်ကောက်ချင်တာတွေနဲ့ ပြန်ရောက်ချင်တဲ့ဆီကို ပြန်လည်ငဲ့စောင်းကြည့်တဲ့သဘောပါ။ ဘာဖြစ်လို့ ငယ်ဘဝတွေကို ပြန်ပြီး အမှတ်ရကြပါသလဲ။ ပေါ့ပါးမှုတွေကြောင့်လို့ ထင်ပါတယ်။ ကြီးလာတဲ့အခါမှာတော့ အဲဒီပေါ့ပါးမှုတွေကို ပစ်ချပြီး လေးလံမှုတွေကို သယ်ပိုးခဲ့ကြပါတယ်။ ဒီနေရာမှာ စဉ်းစားဖို့ကောင်းတာက သယ်ပိုးထားတဲ့အရာတွေဟာ မဖြစ်မနေကြောင့်လား၊ တစ်စုံတစ်ရာကို ရလိမ့်မယ်ဆိုတဲ့ ထင်မှတ်မှားမှုကြောင့်လား။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီသီချင်းက အရင်တစ်ခုလုပ်ထားတာကို အားမရလို့ ထပ်လုပ်ထားတာပါ။
ခေါင်းစဉ် - နွမ်း
ဆို - ကိုစက်
ရေး - အမောင်

0 Comments