စကားထာသီချင်းတွေထဲက အရင်ဆုံးတစ်ပုဒ်ပါပဲ။ နတ်သမီးကို တင်စားပြီးဝှက်ထားတာတွေ ပါတယ်။ အေအိုင်နဲ့ သီချင်းတွေလုပ်တဲ့အခါ ပြဿနာက ဘာလဲဆိုတော့ တအားမြန်တာပဲ။ လုပ်ချင်ရင် တစ်ရက်ကို အပုဒ်ကို ရာနဲ့ချီပြီး လုပ်လို့ရတယ်။ ဒါပေမဲ့ ကိုယ့်မှာ စာသားမရှိဘူး။ ဘယ်လိုလုပ်ရမလဲ။ ကိုယ့်ဘာသာ ချရေးဖို့ဆိုတာလည်း အချိန်နဲ့အမျှ မရနိုင်ဘူး။ အေအိုင်ကိုပဲ သီချင်းစာသားတွေ ရေးခိုင်းလို့ရပေမဲ့ ကိုယ့်စိတ်ကြိုက်ရချင်မှ ရမှာ။ ဒီတော့ ရှိပြီးသားတွေထဲက လိုက်စဉ်းစားရတယ်။ ရှေးကဗျာတွေရှိတယ်။ တချို့လည်း လုပ်ပြီးပြီ။ ကဗျာကို သီချင်းလုပ်တာကလည်း မူလရသတွေ ပျက်သွားမှာကို စိုးရတာမျိုး ရှိတယ်။ အဲဒီလိုနဲ့ ဘာလုပ်ရရင်ကောင်းမလဲလို့ လိုက်စဉ်းစားတော့ စကားထာတွေကို သတိရတယ်။ ရှေးလူကြီးတွေရဲ့ ကောင်းမှုကြောင့် စကားထာတွေဟာ မူလကတည်းက ကာရန်နဘေလေးတွေ ပါနေပြီးသား။ စမ်းလုပ်ကြည့်တော့လည်း သိပ်ပြီးဆိုးမနေတာကို တွေ့ရတယ်။
ခေါင်းစဉ် - နတ်သမီးနေတဲ့ကျွန်း
ဆို - ကိုစက်၊ မယ်အိုင်
သီချင်းဖန်တီးသူ - အမောင်

0 Comments