ပတ်ဝန်းကျင်အခြေအနေက ကိုယ့်ဘဝအပေါ်ကို ကြီးကြီးမားမား သက်ရောက်စေပါတယ်။ တစ်ဖက်မှာလည်း အဲဒီလိုသက်ရောက်မှုတွေအကြားကနေ ကိုယ့်ကိုယ်ကိုယ်တည်ဆောက်တဲ့အခါ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို တစ်စုံတရာအတိုင်းအတာအထိ ခံနိုင်ရည်ရှိစေ၊ တန်ပြန်နိုင်စေတယ်လို့ ထင်တာပဲ။ ဗီဇနဲ့ ပတ်ဝန်းကျင် ဘယ်ဟာက ပိုအရေးပါတယ်ရယ်လို့တော့ မဆိုလိုပါဘူး။ အမှောင်ထဲမှာ မင်းကိုယ်တိုင်တောက်ပတဲ့အခါ မင်းဟာ အလင်းပြရတနာ၊ အခြေအနေတွေပြောင်းသွားလည်း မင်းကိုယ်တိုင် ခိုင်မြဲတဲ့အခါ မင်းဟာ အမှန်တရားပါကွာ၊ လူတကာထားသွားလည်း မင်းကိုယ်မင်း အဖော်ပြုတဲ့အခါ မင်းဟာ ပြီးပြည့်စုံသူပါတို့ဆိုတဲ့ စကားလုံးလေးတွေ ထည့်ဖြစ်ခဲ့တယ်။
ခေါင်းစဉ် - မင်းကိုယ်တိုင်
ဆို - ကိုစက်
ရေး - အမောင်

0 Comments