ကိုအောင်လအတွက်သီချင်းတစ်ပုဒ်

အောင်လရဲ့ နောက်ဆုံးပွဲကြည့်ပြီးတဲ့အခါ သီချင်းလေးလုပ်ကြည့်ချင်စိတ်ပေါ်လာတယ်။ စာသားတချို့ ချရေးကြည့်။ ပြီးတဲ့အခါ သံစဉ်ကို ဘယ်ပုံစံလုပ်မလဲတွေးကြည့်တော့ အများကြီးမစဉ်းစားလိုက်ရဘူး။ သူ့အကြိုက်ဆုံးတစ်ပုဒ် ရှိနေတာပဲ။ တစ်ခုရှိတာက ရေးထားတဲ့ စာသားတွေဟာ အမဲလိုက်အကရဲ့ စာသားတွေ၊ ဖွဲ့စည်းမှုတွေနဲ့ မညီနေတာပဲ။ ပုံစံတူအောင်လိုက်ပြီးလုပ်နေဖို့လည်း အချိန်မပေးနိုင်တော့ ရှိတဲ့ဟာကိုပဲ​စက်ထဲကို ထိုးထည့်ပေးလိုက်တယ်။ အေအိုင်ဆိုတော့ သိတဲ့အတိုင်းပဲ၊ အစွမ်းကုန် တူအောင် ကြိုးစားရှာပါတယ်။ ဒီသီချင်းအတွက် ပြဿနာကြုံရတာက သီချင်းဗီဒီယိုလုပ်ဖို့ အရုပ်တွေ မရှိတာပဲ။ ဒီတော့လည်း သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာတင်ထားတာတွေကို သွားပြီးချောင်းကြည့်တယ်။ ယူသုံးလို့အဆင်ပြေမယ်လို့ ထင်တာတွေကို ဆွဲချလိုက်ပြီး ဖြတ်တောက်၊ ပြန်ဆက်လုပ်လိုက်တယ်။ ဒီသီချင်းဟာ တစ်တော့မှာ ကြည့်ရှုမှု သန်းဂဏန်းဝန်းကျင်ရှိတယ်။ ကိုယ့်ဆီမှာတော့ မဟုတ်ဘူး။ သူများဆီမှာ။ ယူကျုမှာတင်လိုက်တာကို အဲဒီလူက ပြန်ယူပြီး တင်လိုက်တာ။ ဝုန်းခနဲနေတာပဲ။ သူက ရှေ့ကတင်လိုက်တော့ ကိုယ်က လိုက်မမီတော့ဘူး။

ခေါင်းစဉ် - အောင်လဟုခေါ်သည်

ဆို - ကိုစက်

ရေး - အမောင်



0 Comments

Human Heart Ai Art

လူသားစိတ်ကူး၊ အေအိုင်အတတ်ပညာ