မနက်က အလုပ်လာတာ နောက်ကျလို့ ညနေအလုပ်ပြန်တဲ့အခါ စောပြီးဆင်းတယ်ဆိုပဲ။ မခံချင်စိတ်လေးက တစ်မျိုးလေးပါပဲ။ လုပ်ငန်းခွင်တွေနဲ့ပတ်သက်တဲ့ ဟာသတွေပါ။ တစိမ့်စိမ့်နဲ့ ရယ်လို့ရတာမျိုးပါ။ အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြားက မရိုးနိုင်တဲ့ ပြဿနာတချို့ကို စာစီသီချင်းလုပ်ထားတာပါ။ သီချင်းလုပ်တဲ့အေအိုင်ပဲ ဖြစ်ဖြစ် တခြားအေအိုင်တွေပဲဖြစ်ဖြစ် အင်္ဂလိပ်ဆိုရင် ပိုပြီးသဘာဝကျတာကို တွေ့ရပါတယ်။ မြန်မာလိုဆိုရင် အသံတွေမပီပြင်တာ၊ ဆိုလိုတဲ့အဓိပ္ပာယ်ကို နားမလည်လို့ စာသားနဲ့ အသံ အစေးမကပ်တာတွေ ရှိပါတယ်။ လုပ်ရတာလည်း ခက်ပါတယ်။ အင်္ဂလိပ်လိုကျ ချောမွတ်နေတာပါပဲ။ ကိုယ်တိုင်တော့ အင်္ဂလိပ်လို မရေးနိုင်ပါဘူး။ အေအိုင်ကိုပဲ ဘာသာပြန်ခိုင်းထားရတာပါ။ မြန်မာလိုလည်း လုပ်ထားပေမဲ့ မထွက်နိုင်သေးတာပါ။
ခေါင်းစဉ် - 9 to 5 Life
ဆို - ကိုစက်
ရေး - အမောင်

0 Comments